วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ဓမ္မ​ရေးရာ

သူ့ အနာဖျောက်ရင် ကိုယ့်အနာပျောက်တယ်

သူတစ်ပါးရဲ့ နာရေးကို
ကူညီစောင့်ရှောက်ပေးတဲ့သူဟာ
ဘ၀ရဲ့ နာရေး ဒုက္ခ အမျိုးမျိုးမှ
လွတ်မြောက်နိုင်ပါတယ် ။
စီးပွားဥစ္စာ မပြည့်စုံတဲ့ ဘ၀နာရေး၊
ကျန်းမာရေး ညံ့ဖျင်းတဲ့ ဘ၀နာရေး၊
အသိအလိမ္မာ ဥာဏ်ပညာ
ချို့ တဲ့တဲ့ ဘ၀နာရေး၊
အချစ်ကံ
အိမ်ထောင်ရေးကံမကောင်းတဲ့ ဘ၀နာရေး
အစရှိတဲ့ ဘ၀ရဲ့ နာရေးဒုက္ခ အမျိုးမျိုးဟာ
နာရေးကူညီသူ ကုသိုလ်ရှင်ရဲ့ ဘ၀ထံပါးမှာ
ပိန်းကြာရွက်တွင် ရေမတင်လျှောကျသကဲ့သို့ 
ကင်းစင်လွင့်ပျောက်
မကျမရောက်ပဲရှိမှာ သေချာပါတယ် …။
:welcome:အရာရာ အဆင်ပြေချင်ရင် အရာရာတိုင်းမှာ သဒ္ဓါတရားရှိပါ

စားဝတ်နေရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
ဒါနကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
ကျန်းမာရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
သီလကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
စိတ်ဓာတ်ရေးရာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
သမထကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
အသိဥာဏ်ပညာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။

:welcome:

တရားအလှူကမ်းပါမှ အများလူချမ်းသာမယ်

သံသရာမှာ ဘ၀ကောင်းရတယ်
ချမ်းသာကောင်းခံစားရတယ်ဆိုတာ
ကုသိုလ်ကံကောင်းရှိလို့ ပါ ။
ကုသိုလ်ကံကောင်းသာမရှိရင်
ချမ်းသာကောင်း ခံစားရတဲ့
ဘ၀ကောင်းကို လုံးဝမရနိုင်ပါဘူး ။
ကုသိုလ်ကံကောင်းရဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်မှ ရှိနိုင်ပါတယ် ။
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်ဖြစ်ဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်သင့်တယ်လို့ 
နားလည်သဘောပေါက်တဲ့
အသိဥာဏ်ရှိမှ ဖြစ်နိုင်ပါတယ် ..။
အဲဒီ အသိဥာဏ်ကို
တရားအလှူ ( ဓမ္မဒါန ) ကသာ
ပေးစွမ်းနိုင်ပါတယ်

:welcome: (၁) အတွေးစိတ်မှာ…
...*တကယ်ကြီးကျယ်တဲ့၊
ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု
အများဆုံးရတဲ့အလုပ်၊ကိုယ့်အရည်အချင်း တွေလည်း
အများဆုံးထုတ်ပြီးသုံးရတဲ့အလုပ်ကို
လုပ်မယ့်သူဟာ အသေးအမွှားအဆိုးတွေကို တွေးဖို့မသင့်ဘူး။
(စိတ်နှလုံးရွှင်လန်းစေဖို့မှ)

(၂) မနေတတ်ရင် စိတ်ဆင်းရဲမယ်…
...*လူ့လောကမှာလှုပ်ရှားသွားလာနေတဲ့အခါ
အဆင်မပြေတာ မတွေ့ရအောင်ကတော့ နေလို့ကို မရပါဘူး။
လောကရဲ့ သဘာဝကိုက
အဆင်မပြေတာအမြဲရှိနေတာဘဲ။ လောကကြီးဟာ ကိုယ်စိတ်တိုင်းကျ
ဘယ်တော့မှဖြစ်လာမှာ
မဟုတ်ဘူး။
အဲဒီလို စိတ်တိုင်းကျမဖြစ်တာကိုဘဲ
ကိုယ်ကမနေတတ်လို့ရှိရင်အများကြီးစိတ်ပင်ပန်းမယ်။
အဲဒီတော့
နေတတ်ဖို့ဘဲလိုပါတယ်။ (အရှုပ်ထဲမှာ ရှင်းအောင်နေ တရားတော်မှ)

(၃) စိတ်ဓါတ်ပြည့်ဝမှသာ…
...*အောင်မြင်မှုဆိုတာ မှန်ကန်တဲ့စိတ်ထား၊ အောင်မြင်မှုဆိုတာ စိတ်ဓါတ်အရည်အသွေးပြည့်ဝသူတွေသာ ရရှိ
ပိုင်ဆိုင်နိုင်တယ်။

(၄) စိတ်နေသဘောထားမြင့်လာအောင်…
...*လုပ်သမျှကိစ္စတွေကို
သတိကပ်ပြီးတော့ လုပ်တဲ့အလေ့အကျင့်ကို များများလုပ်လာရင် စိတ်နေသဘောထား
အဆင့်အတန်းမြင့်လာမယ်။
အသိဥာဏ်တွေ ပိုပြီးတော့ လေးနက်ရင့်ကျက်လာမယ်။ လုပ်တဲ့အလုပ်တွေလည်း
အရည်အသွေးပိုပြီး
ကောင်းလာမယ်။ ဒါမှဘ၀ကို ပိုပြီးကျေနပ်မှု ရမယ်။ ဘ၀ရဲ့ အဓိပ္ပါယ်လည်း
လေးနက်မှု ပိုရှိလာမယ်။ (ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်းမှ)

(၅) ကိုယ့်စိတ်ကိုယ့်အတွေးကြောင့်…
...*ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာသူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေမှားနေလို့၊ ကိုယ့်စိတ်ကို နားမလည်လို့၊
ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အမျိုးမျိုးတွေးပြီးတော့
ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်တာပါ။

(၆) တရားသည် စိတ်၏နားခိုရာ…
...*လှတာဟာစိတ်ကိုအနားရစေတယ်။ စိတ်ဟာ လှတဲ့နေရာမှာ အနားယူတယ်။ တရားဟာလည်း
စိတ်ရဲ့နားခိုစရာ တစ်ခုဖြစ်ပါတယ်။ (အလှတရားမှ အမှန်တရားသို့)

(၇) အမြင့်မားဆုံး စိတ်ထားဆုံးရှုံးရင်…
...*ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု
မဟုတ်သေးဘူး။ ကိုယ့်ရင်ထဲကအမြင့်မြတ်ဆုံးစိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
(သိစရာတွေးစရာ၊ နှာ-၃)

(၈) စိတ်ကျေနပ်မှုထဲမှာ…
...*ကိုယ့်အရည်အချင်းတွေ၊ကိုယ့်ပါရမီဓာတ်ခံတွေ၊ ကိုယ့်စွမ်းရည်သတ္တိတွေကို အကောင်အထည်ဖော်လိုက်ရင်
ဖော်လိုက်သလောက်ပဲ လူသားတွေအနေနဲ့ ရရှိခံစားနိုင်တဲ့ စိတ်ကျေနပ်မှုထဲမှာ အလေးနက်ဆုံး
ကျေနပ်မှုမျိုးကို ခံစားရမယ်။ (သိစရာတွေးစရာ၊ နှာ-၅၉)

(၉) စိတ်ထားမပြောင်းရင်…
...*ကိုယ့်စိတ်ထားနဲ့ ကိုယ့်လုပ်ပုံကိုင်ပုံ မပြောင်းနိုင်ရင် ကိုယ်တွေ့နေကျအခက်အခဲကိုတွေ့နေဦးမှာဘဲ။
(သိစရာ တွေးစရာ၊နှာ-၁၆)

(၁၀) စိတ်ပိုင်းကို ပိုပြီးတော့အလေးထား…
...*ဘ၀ကိုအောင်အောင်မြင်မြင်နေသွားချင်တယ်ဆိုရင် ရုပ်ပိုင်းကို
အဓိကထားတတ်တဲ့သဘောထားကို ကျော်လွန်ပြီးတော့ စိတ်ပိုင်းကို
ပိုပြီး အလေးထားတတ်တဲ့ အကျင့်ကိုလုပ်ရမယ်။ (သိစရာ တွေးစရာ၊နှာ-၄)

(၁၁) အရင်တုန်းကစိတ်ဥာဏ်ထက်သာအောင်…
...*အရင်တုန်းကထက် စိတ်ထားတွေ၊ သဘောထားတွေ၊ အသိဥာဏ်တွေသာတဲ့လူတစ်ယောက်ဖြစ်လာအောင်
လုပ်နေတာကိုကကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာဘဲ။ (သိစရာ တွေးစရာ၊နှာ-၆၀)

*** စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက်ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏ လမ်းညွှန်သြ၀ါဒများအား
ဆရာသုတေသီ
ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို .....ပြန်လည် ဓမ္မဒါနပြုအပ်ပါတယ်.......
mintunkyaw09
02-03-2011, 10:05 PM
:welcome: (၁) တရားစိတ်ရှိ…
* သတ္တ၀ါမှန်သရွေ့၊ တရားတွေ့
ချမ်းမြေ့သာယာရှိပါစေ။
(၂) စိတ်မည်းများကို ၀ိပဿနာဖြင့် ဖြူစင်ပုံ…
* လောဘအာရုံ၊ မြင်ခိုက်ကြုံ၊ အကုန်ရှုရမည်။
(ကြား နံ စား စသည်တို့ကိုလည်း သွင်း၍ ဆိုပါ။)
ရှုမှတ်လိုက်က၊ ထိုခဏ၊ လောဘမ၀င်ပြီ။
မရှုမိလျှင်၊ လောဘ၀င်၊ သူပင် ရှုရမည်။
သူ မရှုလျှင်၊ ငါကောင်ထင်၊ ခင်မင်စွဲလမ်းသည်။
ရှုမိလိုက်လျှင်၊ ရုပ် နာမ်မြင်၊ ထိုပြင်ကြောင်းသိသည်။
ရုပ်နာမ်ကြောင်းမျှ၊ သိလေက၊ စူဠသောတမည်။
ပေါ်ပြီးပျောက်လျှင်၊ မမြဲပင်၊
ဥာဏ်မြင်လင်းတော့သည်။
ဆင်းရဲလည်းမြင်၊ ငါကောင်စင်၊ ဆင်ခြင်သုံးသပ်သည်။
ပေါ်လိုက် ပျောက်လိုက်၊ ပေါ် ပျောက်လိုက်၊
ဥာဏ်၌ သက်ဝင်သည်။ ပျောက်တာချည်းမြင်၊
ကြောက်ဖွယ်ထင်၊ ပြစ်မြင် ငြီးငွေ့သည်။
ငြီးငွေ့သည့်တာ၊ လွှတ်လိုက်ပါ၊ ထပ်ခါဆင်ခြင်သည်။
ဆင်ခြင်ပြီးခါ၊ သင်္ခါရာ၊ ညီစွာရှုတော့သည်။
ရှေ့နောက်လျော်လတ်၊ အဖြစ်ရပ်၊ ပြေးလတ် မဖြစ်ဆီ။
ချုပ်ငြိမ်းရာမျှ၊ တည်နေက၊ ဥာဏ မဂ်ဖိုလ်မည်။
ချုပ်ငြိမ်းပြီးလျှင်၊ ပြန်ဆင်ခြင်၊ ဤတွင် ပစ္စ၀က်မည်။
(ဗျာပါဒ၊ ကောဓ၊ မက္ခ စသည်တို့လည်း ဤအစဉ်အတိုင်း
သိပါလေ။)
(၃) စိတ်ကြောင့်ဖြစ်ပေါ် စိတ်ကြေးညော်…
* ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသားဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ အမှား ရှောင်ကြဉ်ပါ။
ရေကြောင့် နွံဖြစ်၊ ထို နွံညစ်လည်းစင်စစ် ရေကြောင့်၊
သွေမထောင့်ဘူး စိတ်ကြောင့် ဖြစ်ပေါ်၊ စိတ်ကြေးညော်လည်း
ဆေးလျှော်စိတ်ပင်၊ စင် မစင်ကို ကိုယ်ပင် ဖန်ပြု၊
သူမပြုသည် စင်မှု ကိုယ့်မှာ တာဝန်တည်း။

(၄) စိတ်မည်းများကို ဖြူစင်စေသည့်နည်း (၆)မျိုး…
* မည်းသည့်စိတ်ကို၊ ဖြူစေလိုသော်
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်
မကြုံတွေ့စေ၊ မမေ့စေဘဲ
ပြောင်းလေဖုံဖုံ၊ ကောင်းအာရုံတည့်
နုလုံပဋိ၊ ဥာဏ်ချိန်ညှိလော့
ပို့ဘိမေတ္တာ၊ သမထာနှင့်
ပွားရာဝိပသ်၊ နည်းခြောက်ရပ်တွင်
သင့်မြတ်ရာသုံး၊ ဖြူစိတ်ဖုံးသည်
သက်လုံး ချမ်းသာလိမ့်မည်တည်း။
(၅) စိတ်မည်းနှင့်စိတ်ဖြူ…
* ကိလေ ညစ်မည်း၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။
ကိလေ ညစ်မည်း၊ စိတ်မစွဲ
ရုပ်လည်း အေးကြည်ရွှင်။
စိတ်ညစ် မည်းလျှင် ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်
ကိုယ့်ကိုယ် သိရမည်။
ကိုယ့်ကိုယ် သိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။
နေ့စဉ် စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေး ပစ်ရမည်။
(၆) သင့်သွင်မန စိတ်အလှကို…
* သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်
သင့်သွင်ရူပ၊ လှမလှကို
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍
ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်
ညှင်းပြောက် တင်းတိတ်၊
ဖုအကျိတ်ကို ဆေးသိပ်ဖယ်ရှား၊ ပမာလားသို့ မြတ်ဖျားဗုဒ္ဓ၊
ဟောညွှန်ပြသည့် ဓမ္မကြည်လင်၊
ကြေးမုံပြင်ဝယ် သင့်သွင်မန၊ စိတ်အလှကို
နေ့ည မရွေး၊ တင်စစ်ဆေးလော့
သုစ်ကြေး ကိလေ၊ တွေ့ခဲ့ပေသော်
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ
မလင့်မကြာ၊ သင့်ခန္ဓာသည်
ချမ်းစွာ ဖုံးလိမ့် မှန်စွာတည်း။

(၇) စိတ်ကိုမထိန်းသူ...
* မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူ ကျလိုရာ၊ ကျတတ်ပါသည်။
ပမာ မျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုင်း ဖြေချွတ်၊ ထင်တိုင်းလွတ်၍
မကွပ် မထိန်း၊ ညွှတ်တိုင်း ယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူဗျာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။
(၈) စိတ်ကိုထိန်းသူ…
* မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍

သူ ကျလိုရာ၊ ကျတတ်ပါသည်
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်း ဥာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ် မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်။
ကောင်းကျိုး ကြွယ်လိမ့်မည်သာကို။
(၉) စိတ်အညစ်အကြေး စိတ်ဖြင့်ဆေး…
* ရေကြောင့် ညွှန်ဖြစ်၊ ထိုညွှန်ညစ်လည်း
စင်လစ် ရေကြောင့်၊ သွေမထောင့်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော် စိတ်ပင်၊ စင်မစင်ကို
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်
စင်မှုကိုယ့်မှာ တာဝန်တည်း။
(၁၀) တွေးမည်ကြံလည်း သင့်စိတ်ထဲ…
* တွေးမည် ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။
* တွေးဆဲမှာလည်း၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။
* တွေးပြီးပြန်လည်း၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။

*** စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏
လမ်းညွှန်သြ၀ါဒ ကဗျာများအား ဆရာသုတေသီ ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို ......ပြန်လည် ဓမ္မဒါနပြုအပ်ပါသည်...........................
mintunkyaw09
02-04-2011, 06:58 PM
:welcome: မေတ္တာရှင်- ဘာသာရေး ယဉ်ကျေးမှု မဂ္ဂဇင်းမှ ကောက်နှုတ်ချက်.........

မေတ္တာပို့သူ ၊ မေတ္တာသုတ် ရွတ်ဖတ်ကြသူများဧ။် မူ (၁၅) ချက်

(၁) သက္ကော
သူတော်ကောင်းတရားတို့ကို ကျင့်သုံးရန် စွမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(၂) ဥဇု
ကိုယ်နှင်.နှုတ် ဖြောင့်မတ်ရမည်။
(၃) သုဟုဇု
စိတ်ဓါတ် ဖြောင်.မတတ် သန်.ရှင်းရမည်။
(၄) သုဝစော
ပြောဆို ဆုံးမလွယ်ကူသောသူ (နာခံသူ) ဖြစ်ရမည်။
(၅) မုဒု
နူးညံ့သိမ်မွေ့ရမည်။
(၆) အနုတိမာနိ
မာန မကြီးရ၊ နှိမ်.ချမှုရှိရမည်။
(၇) သန္တုဿ ကောစ
တင်းတိမ်ရောင်.ရဲမှုရှိရမည်။ (လောဘမကြီးရ)
(၈) သုဘရော
အသက်မွေးမြူ လွယ်ကူသူဖြစ်ရမည်....။
(၉) အပကိစ္စော
အလုပ်ပိုတွေ နည်းပါးသူဖြစ်ရမည်။
(၁၀) သလ္လဟုက ၀ုတ္တိ
ပေါ.ပါးသော အသက်မွေးမှုရှိရမည်။
(၁၁) သန္တိန္ဒြိယော
က္ကုနြေ္ဒ ငြိမ်ဥက်၇မည်။ (မျက်စိ၊ နား စသော အာရုံတို.ကို စောင်.ထိန်းရမည်။)
(၁၂) နိပကော
ဆင်ခြင် ဝေဖန်နိုင်သော ပညာရှိရမည်။
(၁၃) အပဂမ္ဘော
ယဉ်ကျေး သိမ်မွေ.ရမည်။
(၁၄) ကုလေသွ နနုဂိဒ္ဒေါ
ဆရာစွဲ၊ ဒကာစွဲ၊ လူမျိုးစွဲ၊ နေရာစွဲ စသည် ကင်းရှင်းရမည်။
(၁၅) နစခုဒ္ဒ မာစရေကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ၀ေးယျုံ
ပညာရှိ သူတော်ကောင်းများ ကဲ.ရဲ့ ပြစ်တင် မည်. မကောင်းမှု ဟူသမျှ အနည်းငယ် မျှပင် မပြုရ။

;) မေတ္တာပို.ခြင်းအားဖြင်. မေတ္တာအကျိုး (၁၁) မျိုးကိုတော့ လူတိုင်းနီးပါး မသိတောင် ကြားဖူးကြမှာပါ........ အလွယ် ကျက်မှတ်နိုင်ရန် အလင်္ကာ ကိုတော့ ဓမ္မဒါနပြုအပ်ပါတယ်....။
" အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်စက်၊ ချစ်လျက် လူနတ်၊ စောင်.ကြပ် နတ်များ၊ မီး-ဆိပ်-ဓါးတို.၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည် မျက်နှာ၊ သေခါ မသွေ၊ လားလေဗြဟ္မာ၊ ဆယ်.တစ်ဖြာသည်၊ မေတ္တာ ပွားမူ ကောင်းကျိုးတည်း "
mintunkyaw09
02-10-2011, 06:14 PM
:moony: ...အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ဆုံးမသြ၀ါဒ မေတ္တာစာစုများအား MEF သူငယ်ချင်းများအားလုံးသို့ ဓမ္မဒါနပြုပါတယ်ဗျာ...................

*** (၁) အားမှသေမှာလား သေမှအားမှာလား…
ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
လူတွေ မရေမတွက်နိုင်အောင် သေနေကြတာ
အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်း ခေါ်မှာပါ
မအားတဲ့သူကိုလည်း ခေါ်မှာပါ
သေမင်းက လူမရွေးပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေးလိုက်သွားရမှာပဲ ဆိုတာကို
ကြိုတင်ပြီးတော့
နှလုံးသွင်း ဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
တရားဓမ္မကို မျက်နှာလွှဲတဲ့အဖြစ်
ရောက်လာမှာ မဟုတ်တော့ပါဘူး။
*** (၂) နှလုံးသားကို သော့ခတ်ထားပါ…
ချစ်ရတာလည်း ဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲ။
ချစ်သူကို မတွေ့ရရင်
စိတ်ပူလောင်ရသလို
မုန်းသူကို မြင်ရရင်လည်း
စိတ်ဆင်းရဲရပါတယ်။
စိတ်မပူလောင်ချင်ရင်
ဘယ်သူ့မှ မချစ်ပါနဲ့။
စိတ်မဆင်းရဲချင်ရင်
ဘယ်သူ့မှ မမုန်းပါနဲ့။
*** (၃) ကံတရားရဲ့ အလိုတော်အတိုင်း…
တစ်ခါတစ်ရံမှာ
မေတ္တာ၊ ဂရုဏာ၊ မုဒိတာနဲ့
ကိုယ်ဘယ်လိုမှ
အကူအညီပေးလို့မရတော့တဲ့
ကိစ္စမျိုးတွေ အဖြစ်အပျက်မျိုးတွေ
ကြုံတွေ့ရတတ်ပါတယ်။
အဲဒီလိုအခါမျိုးမှာ
ကံတရားအတိုင်းပဲ။
ကံစီမံသလို ဖြစ်ရတာပါပဲ။
သူအခုလိုဖြစ်ရတာ
သူ့ရဲ့ကံတရားကြောင့်ပဲလို့
ကံ ကံရဲ့အကျိုးကို
နှလုံးသွင်း ဆင်ခြင်ပြီး
စိတ်တည်ငြိမ် အေးချမ်းအောင်
နေတတ်ရပါတယ်။
ဒါဆိုရင် ဥပေက္ခာဗြဟ္မစိုရ်ကို
ကျင့်သုံးရာ ရောက်ပါတယ်။
*** (၄) လက်တွေ့ မေတ္တာပေးမှ မေတ္တာသမားစစ်စစ်…
မေတ္တာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ
ကိုယ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးကို ဆောင်ရွက်ပေး
နှုတ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးဖြစ်မယ့်စကား
စိတ်ချမ်းသာမယ့်စကား ပြောဆိုပေး
စိတ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးရစေကြောင်း
စိတ်ချမ်းသာစေကြောင်း
ဆုတောင်းမေတ္တာ ပို့သပေးရပါတယ်။
ကာယကံမေတ္တာ
ဝစီကံမေတ္တာ
မနောကံမေတ္တာဆိုတဲ့
မေတ္တာကံသုံးမျိုး ပြည့်စုံနေမှ
ဗြဟ္မစိုရ်မေတ္တာတရား
ကျင့်သုံးရာရောက်ပါတယ်။

*** (၅) အမျက်ဟပ်ရင် အဆက်ပြတ်မယ်…
ဒေါသတရားဟာ ဓားနဲ့တူပါတယ်။
ဓားဆိုတာ အရာဝတ္ထုတွေကို
ဆက်စပ်ပေးတဲ့အရာ
ပေါင်းစည်းပေးတဲ့အရာ မဟုတ်ပါဘူး။
အရာဝတ္ထုတွေကို
ဖြတ်တောက်စေတဲ့အရာ
ပျက်စီးစေတဲ့အရာသာ ဖြစ်ပါတယ်။
ဒေါသတရားဟာလည်း
အကောင်းမှန်သမျှကို
ပြတ်တောက်ပျက်စီးစေပါတယ်။

*** (၆) အထီးကျန်ရင် အကျည်းတန်တယ်…
လက်ရှိအခြေအနေမှာ
မပျော်မွေ့နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ပဲနေနေ
အမြဲတမ်း အထီးကျန်နေပါတယ်။
မရှိတာကို တောင့်တနေတဲ့သူ
ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ
မရေမရာ အတွေးတွေ
မသေမချာ မျှော်လင့်ချက်တွေနဲ့
ထာဝရ အထီးကျန်နေမှာပါပဲ။

*** (၇) မူရင်းကောင်းတော့ မိတ္တူကောင်းတယ်…
ကိုယ့်ရဲ့ လက်တွေ့ ဘ၀ထဲမှာ
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
ဖြစ်ဖို့အတွက်
ဗုဒ္ဓနုဿတိဘာဝနာ
(ဘုရားဂုဏ်တော်ပွားတဲ့အလုပ်)က
အပြည့်အ၀ တာဝန်ယူပါတယ်။
ဘာကြောင့်လဲဆိုတော့
ဘုရားရှင်မှာရှိတဲ့
ဂုဏ်တော်တွေအားလုံးက
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
တွေချည်းဖြစ်နေလို့ပါပဲ။

*** (၈) ဒီနေ့တစ်ရက်သာ ငါ့ဘ၀ပါ…
ဒီနေ့တစ်ရက်
အသက်ရှင်ပြီးရင်
သေချင်သေသွားနိုင်တယ်လို့
သေခြင်းတရားကို
တစ်ရက်အကွာအဝေးထားပြီး
မိတ်ဆွေဖွဲ့နိုင်တယ်ဆိုရင်ပဲ
တန်ဖိုးသိပ်ကြီးလှပါပြီ။
ဒီနေ့တစ်ရက်ပဲ
အသက်ရှင်သန်ခွင့်ရှိတယ်လို့
နက်နက်ရှိုင်းရှိုင်း သိမြင်နေရင်
ဒီနေ့တစ်ရက်လုံး
အကာအလုပ်တွေ
အကုန်စွန့်ပြီး
အနှစ်အလုပ်တွေချည်းပဲ
အချိန်ပြည့်
လုပ်ဖြစ်တော့မှာပါ။

*** (၉) အသိမှအကျင့် အကျင့်မှအသိ…
ပယ်သင့်တဲ့တရားကို မပယ်နိုင်တာ အသာထား
ကျင့်သင့်တဲ့တရားကို မကျင့်နိုင်တာ အသာထား
ဒါကတော့ ပယ်သင့်တဲ့တရားပဲ
ဒါကတော့ ကျင့်သင့်တဲ့တရားပဲ လို့
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း
သိထားဖို့ အရေးကြီးပါတယ်။
အသိမှန်မှ အကျင့်မှန်နိုင်ပြီး
အကျင့်မှန်မှ အသိမှန်နိုင်ပါတယ်။
*** (၁၀) ပါရမီမဖြည့်ဘဲ နိဗ္ဗာန်မရောက်နိုင်…
ပါရမီကတော့ သံသရာလွတ်လိုသူတိုင်းအတွက်
မရှိမဖြစ်လိုပါတယ်။
ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်ကို ခေါ်တာပါ။
ဒါန၊ သီလ၊ မေတ္တာ၊ ဘာဝနာ၊ သမထ၊
ဝိပဿနာအလုပ်တွေဆိုတာ
မြင့်မြတ်သူတွေရဲ့ အလုပ်ဖြစ်လို့
အဲဒီအလုပ်တွေ ပြုလုပ်အားထုတ်နေတာဟာ
ပါရမီဖြည့်နေတာပါပဲ။
*** (၁၁) လက်တွေ့လုပ်ပါ…
တရားအားထုတ်ဖို့ စိတ်ကူးရှိပါတယ်
ရိပ်သာဝင်ဖို့ အစီအစဉ်ရှိပါတယ်လို့
အနာဂတ်ကို မေးငေါ့ပြီး
မရေမရာ အာချောင်နေတဲ့သူ
ဘယ်နှခုနှစ်တုန်းက
ဘယ်ရိပ်သာမှာ ဘယ်နှစ်ရက်
တရားအားထုတ်ဖူးပါတယ်လို့
အတိတ်ကို စားမြုံပြန်ပြီး
ကိစ္စပြီးဆုံးနေသလို ၀င့်ကြွားနေတဲ့သူတွေက
အပ္ပမာဒတရား လက်ကိုင်ထားသူလို့
မသတ်မှတ်နိုင်ပါဘူး။
အပ္ပမာဒတရားရဲ့ အနှစ်သာရက
ပစ္စုပ္ပန်ကျကျ တကယ်လက်တွေ့
အလုပ်လုပ်နေခြင်းပါ။
*** (၁၂) ဓာတ်ကူးကောင်းမှ ဓာတ်ကောင်းကူးမယ်…
မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်တော်ပုဒ်အမည်တိုင်းရဲ့
နောက်ကွယ်မှာ
ကြည်ညိုလေးမြတ်ဖွယ်
လိုက်နာတုကျင့်ဖွယ်
အဓိပ္ပါယ်အနှစ်တွေက
နက်ရှိုင်းစွာ ကိန်းဝပ်နေတာမို့
ကိုယ့်စိတ်ဓာတ်နဲ့
ကိုယ့်လုပ်ရပ်ကို
အသန့်စင်ဆုံး
အမြင့်မြတ်ဆုံး
ဆောက်တည်လိုသူတိုင်း
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေကို
နှလုံးသားထဲမှာ အမြဲတမ်း
ဖော်ထုတ် ဆင်ခြင်နေသင့်ပါတယ်။

*** (၁၃) မြန်မာလိုပွားလေ တန်ခိုးအစွမ်းထက်လေ…
မြန်မာနိုင်ငံသားတွေအနေနဲ့
ဘုရားဂုဏ်တော်တွေကို
မြန်မာလို အဓိပ္ပါယ်
ကျေကျေညက်ညက်သိအောင်
လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။
မြန်မာလူမျိုးတွေအတွက်
ဘုရားဂုဏ်တော်ကို
မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။
ပါဠိပါမှ အားရတယ်ဆိုရင်လည်း
ပါဠိ-မြန်မာတွဲဖက်ပြီး
ပွားများနိုင်ပါတယ်။
ပါဠိသက်သက် ရွတ်ပွားနေတာထက်
အဆပေါင်းများစွာ
ပိုထိရောက်ပါတယ်။
မြန်မာအဓိပ္ပါယ်နဲ့ပွားမှ
သဒ္ဓါအား ပီတိအား
ပိုကောင်းပြီး ကုသိုလ်ဇော
ပိုထက်သန်လို့ပါ။

*** (၁၄) ချက်ချင်းထလုပ်…
ကောင်းမှုကုသိုလ် အလုပ်ဆိုတာ
လုပ်ချင်စိတ် ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက် ထလုပ်လိုက်မှ
ထမြောက်အောင်မြင် တတ်ပါတယ်
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင်
မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
*** (၁၅) တစ်ခုလိုချင်လို့ တစ်ခုပေးတာ ဒါနမဟုတ်…
ကိုယ့်လက်ထဲကပစ္စည်း
သူတစ်ပါးလက်ထဲကို
ထည့်ပေးလိုက်တာကို
ပေးကမ်းတယ်လို့ ခေါ်ပါတယ်။
တစ်ဖက်သား
ကောင်းကျိုးရစေချင်တဲ့
စေတနာသက်သက်နဲ့
ပေးကမ်းတာမျိုးရှိသလို
ကိုယ့်အကျိုးအတွက်
အခွင့်အရေး တုံ့ပြန်မှုကို
မျှော်လင့်ပြီး ပေးကမ်းတာမျိုးလည်း
ရှိပါတယ်။
စေတနာသန့်သန့်နဲ့
ပေးကမ်းတာကို
ဒါနကုသိုလ် လို့ခေါ်ပြီး
ကိုယ်ကျိုးမျှော်လင့်ချက်နဲ့
ပေးကမ်းတာကိုတော့
လာဘ်ထိုးတယ်လို့ ခေါ်ပါတယ်။

*** (၁၆) စွန့်တတ်ရင် စွန့်ခရတယ်…
စိတ်ထားတတ်ရင်
အပိုပစ္စည်း၊ အပိုပိုက်ဆံ
တကူးတက အကုန်မခံရဘဲနဲ့
ဒါနကုသိုလ် ရနိုင်ပါတယ်။
သလိပ်၊ တံတွေး ထွေးတဲ့အခါ
နှပ်ညှစ်တဲ့အခါ
လက်သည်း ခြေသည်း ညှပ်တဲ့အခါ
ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ
ကိုယ့်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို
ပုရွက်ဆိတ်လေးတွေ
ယင်ကောင်၊ ပိုးကောင်လေးတွေ
ပိုးလောက်လေးတွေ
စားကြသောက်ကြပါစေ
ချမ်းသာကြပါစေလို့
နှလုံးသွင်းလိုက်ရင်
စိတ်ထားမြင့်မြတ်တဲ့အတွက်
ဒါနကုသိုလ်၊ မေတ္တာကုသိုလ်လည်း
ဖြစ်သွားတာပါပဲ။
*** (၁၇) အတင်းပြော အကုသိုလ်အလုပ်…
အတင်းပြောတာ ၀ါသနာပါတဲ့လူတွေက
သူများပါးစပ် ငှားပြောတာ မဟုတ်ဘူး
ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘာဖြစ်လဲ။
ဟုတ်လို့ ဟုတ်တယ်ပြောတာ
မှန်လို့ မှန်တယ်ပြောတာ
ဘာဖြစ်လို့ နှုတ်သီးကောင်း လျှာပါးနဲ့
ရန်စကား ပြောတတ်ကြပါတယ်။
ဟုတ်ကဲ့ ဘာမှ မဖြစ်ပါဘူး
အကုသိုလ်ဖြစ်ရုံနဲ့ ငရဲကျရုံလောက်ပါပဲ။
ဘာလို့လဲဆိုတော့
အတင်းပြောတယ်ဆိုတာ
ဝစီဒုစရိုက်အမှု ကျူးလွန်နေတာမို့လို့ပါ။
*** (၁၈) မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်ကြပါစေ…
မိဘကျေးဇူးကို ကျေတာ မကျေတာ
အဓိက မထားဘဲ မိဘကျေးဇူးဆပ်နေဖို့က
အဓိကလို့ နှလုံးသွင်းပြီး
လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ
မိဘကို အမြဲ ကျေးဇူးဆပ်နေဖို့ပဲ
အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော
စိတ်ပိုင်းဆိုင်ရာပါ
အဆင့်အတန်းမြင့်အောင်
ကျေးဇူးဆပ်နေတဲ့
သားကောင်း၊ သမီးကောင်းရဲ့
ထံမှောက်ကို
ကံကောင်းခြင်း လက်ဆောင်တွေ
အရပ်ဆယ်မျက်နှာကနေ
ဝင်လာမစဲ တသဲသဲ ဆိုသလို
အလုံးအရင်းနဲ့
ဝင်လာမှာကတော့
သေချာပေါက်ပါပဲ။
…သူငယ်ချင်းများအားလုံး ငြိမ်းအေးမှုတွေ ရကြပါစေ

ไม่มีความคิดเห็น:

แสดงความคิดเห็น