วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

ပညာစစ်၊ ပညာတုဆိုတာ။

ပညာစစ်၊ ပညာတုဆိုတာ။          ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတ ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။          ပညာတု = “ ပါးနပ်သူ ” ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တစ်ဖက်သားကျလောက်အောင် ဟန်ပန်လေသံ ဆောင်တတ်၊ ပြောတတ်၊ ဟောတတ်သောဉာဏ်၊ အခိုးအ၀ှက်ဉာဏ်၊ အလှည့် စားဉာဏ်၊ ပရိယာယ် မာယာဉာဏ်များ ရှိ၏။ ထိုဉာဏ်မျိုးသည် ပညာစစ်မဟုတ်၊ လိမ်လည် လှည့်ပတ်တတ်သော “ ၀ဉ္စနာ ပညာတု” ဖြစ်သည်။ ။ {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်      အဘိဓမ္မာမှ ကူးယူရေးသားပူဇော်ပါသည်။ }         (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်                     ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)  “ဆုတောင်းပတ္တနာ” ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်ဝပါစေသော်။ ။    

วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ဓမ္မ​ရေးရာ

အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး..
________________________________________
(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်

(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်

(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်

(၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်

အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ

လွတ်မြောက်နိုင်စေတာ.....

• လောက၌ အမြတ်ဆုံးဥစ္စာသည် သဒ္ဓါတရား၊ ယုံကြည်မှု ။
• နေ့စဉ်ရက်ဆက်ပွားမည်သည်ရှိသော် ချမ်းသာကိုဆောင်သောအရာကား ဒါန၊ သီလ၊ ဘာဝနာတရား ။
• အရသာအပေါင်းတွင် အချိုမြိန်ဆုံးကား သစ္စာအမှန်တရား ။
• ပညာ ဖြင့်အသက်ရှင်ခြင်းသည် အမြတ်ဆုံး ။
• သြဃလေးတန်ကို ကူးမြောက်နိုင်တာ သဒ္ဓါတရား၊ ယုံကြည်မှု ။
• ဘ၀သံသရာကို ကူးမြောက်နိုင်တာ အပ္ပမာဒ သတိရှိမှု ။
• အိုနာသေ ဘေးဒုက္ခများမှ လွတ်မြောက်နိုင်စေတာ ၀ီရိယ၊ လုံ့လတရား ။
• ကိလေသာအညစ်အကြေးကို စင်ကြယ်စေနိုင်တာ မင်္ဂပညာ ။
• သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို
တဏှာ နဲ့ချစ်ရင် စိတ်ပူလောင်ရတယ်၊
သဒ္ဓါမေတ္တာ နဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။
ဒေါသ နဲ့မုန်းရင် စိတ်ဆင်းရဲရတယ်၊
သတိ ဥာဏ်နဲ့မုန်းရင် စိတ်အေးချမ်းသာရတယ်။
တဏှာနဲ့မချစ်တတ်သူ၊ ဒေါသနဲ့မမုန်းတတ်သူ ဘ၀တိုင်းဖြစ်ပါရစေ…….။

(အရှင်ဆန္ဒာဓိက)

ဗုဒ္ဓဘာသာ လေးမျိုး

ဗုဒ္ဓဘာသာနှင့်ပါတ်သက်၍ ကျေးဇူးရှင်လေးအိမ်စု ဆရာတော်ဘုရားကြီး ဦးရေ၀တ ဟောပြခဲ့သည့် ဗုဒ္ဓဘာသာ လေးမျိုးအကြောင်း အကျဉ်းချုပ်တင်ပြလိုက်ပါသည် ။ ဆရာတော်ဘုရားကြီး၏ အာဘော်သက်သက်မျှသာ ဖြစ်ကြောင်း စာဖတ်သူတို့ သတိပြုစေလိုပါသည် ။ ဗုဒ္ဓဘာသာ လေးမျိုးမှာ -

၁။ သုဒ္ဓ - ဗုဒ္ဓဘာသာ
၂။ မိဿက - ဗုဒ္ဓဘာသာ
၃။ ဝေမတိက - ဗုဒ္ဓဘာသာ
၎။ အသုဒ္ဓ - ဗုဒ္ဓဘာသာ တို့ဖြစ်ကြပါသည် ။

(၁) သုဒ္ဓ-ဗုဒ္ဓဘာသာ

အကြင်သူသည် ဗုဒ္ဓဘာသာဟု အမည်ခံ၏ ။
ရတနာသုံးပါးကိုယုံကြည်၏ ၊ ကြည်ညို၏ ။
ရတနာသုံးပါး၏ ဂုဏ်တော် (စွမ်းရည်သတ္တိ)များကိုလည်း အကုန်အစင်သိ၏ ။
မဂ်ဖိုနိဗ္ဗာန်ဆုတောင်း၏ ။
ကံသုံးပါးစင်ကြယ်လို၏ ။
ဒုစရိုက် ၁၀-ပါး လုံးရှောင်ကြဉ်၏ ။
ဒုစရိုက်၏ အကျိုးအပြစ်ကို အကုန်နားလည်၏ ။
ရတနာသုံးပါးသာလျှင် ကိုးကွယ်၏ ။
အခြားမည်သည့်အရာကိုမှ မကိုးကွယ်ပေ ။
ထို့ပြင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်သုံး၏ ။

ဤအချက်များနှင့် ပြည့်စုံသူသည် သုဒ္ဓဗုဒ္ဓဘာသာ (စင်ကြယ်သည့် ဗုဒ္ဓဘာသာ၊ တင်းပြည့် ဗုဒ္ဓဘာသာ၊ ဒေါင်ဒေါင်မြည် ဗုဒ္ဓဘာသာ) ဖြစ်၏ ။ ထိုသူသည် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်ဖြစ်သည် ။

(၂) မိဿက-ဗုဒ္ဓဘာသာ

အကြင်သူသည် ဗုဒ္ဓဘာသာဟု အမည်ခံ၏ ။
ရတနာသုံးပါးအပြင် အခြားအရာများကိုလည်း ယုံကြည်၏ ။
ရတနာသုံးပါးကို ဂုဏ်တော်သို့ ရောက်သည်အထိ အာရုံမပြုတတ်၊ ပုံတော် ပညတ်လောက်သာ အာရုံပြုနိုင်၏ ။
မဂ်ဖိုလ်နိဗ္ဗာန်ကိုလိုချင်၏ ။
ဒုစရိုက်ကံသုံးပါး စင်ကြယ်လို၏ ။
သို့သော် ဒုစရိုက်အချို့ကိုသာ ရှောင်ကြဉ်၏ ။
ဒုစရိုက်၏အကျိုးအပြစ်ကို တစ်ချို့တစ်ဝက်သာ သိ၏ ။
ရတနာသုံးပါးကိုရော အခြားသူများ ကိုးကွယ်သည့်အရာများကိုပါ ကိုးကွယ်၏ ။

ဤအချက်များနှင့်ပြည့်စုံသူသည် မိဿကဗုဒ္ဓဘာသာ (ဗုဒ္ဓဘာသာရောကျော်) ဖြစ်၏ ။ ထိုသူသည် သံသရာလည်ရ ဦးမည်ဖြစ်၏ ။

(၃) ဝေမတိက-ဗုဒ္ဓဘာသာ

အကြင်သူသည် ဗုဒ္ဓဘာသာဟုဝန်ခံ၏ ။
ရတနာသုံးပါးသာမက အခြားအရာများကိုလည်း ကိုးကွယ်၏ ။
ရတနာသုံးပါး၏ ဂုဏ်တော်များကိုမူ ၀ိုးတ၀ါးလောက်သာသိ၏ ။
မဂ်ဖိုလ်နိဗ္ဗာန်ကိုမူလိုချင်၏ ။
ဒုစရိုက်ကံသုံးပါး စင်ကြယ်လို၏ ။
သို့သော် ဒုစရိုက်အနည်းငယ်ကိုသာ ရှောင်ကြဉ်၏ ။
ဒုစရိုက်၏ အကျိုးအပြစ်ကို ကြားဖူးသည် ဆိုရုံလောက်သာ ရှိ၏ ။
သေသေချာချာကားမသိ၊ ရတနာသုံးပါးကိုရော အခြားအရာများကိုပါ အပျော်အပါးပွဲလမ်းသဘင်များထည့်၍ ကိုးကွယ်၏ ။

ဤအချက်များနှင့် ပြည့်စုံသူသည် ဝေမတိကဗုဒ္ဓဘာသာ (ယောင်ဝါးဝါးဗုဒ္ဓဘာသာ) ဖြစ်၏ ။ ထိုသူလည်း သံသရာ လည်ရဦးမည်သာ ။

(၄) အသုဒ္ဓ-ဗုဒ္ဓဘာသာ

အကြင်သူသည် ဗုဒ္ဓဘာသာဟု အမည်ခံ၏ ။
ရတနာသုံးပါးအပြင် အခြားအရာများကိုပါ ယုံကြည်၏ ။
ရတနာသုံးပါး၏ ဂုဏ်တော် (စွမ်းရည်သတ္တိ) များကို လုံးဝမသိ၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုမူ လိုချင်၏ ။
ဒုစရိုက်ကံသုံးပါးမှ စင်ကြယ်လို၏ ။
သို့သော် မည်သည့် ဒုစရိုက်ကိုမှ မရှောင်ကြဉ်ဘဲ လွန်ကျူး၏ ။
ဒုစရိုက်၏အကျိုးအပြစ်ကို ဘာမှမသိ၊ ရတနာသုံးပါးကိုရော အခြားအရာများကိုပါ ဆိုင်း၊ ဇာတ်သဘင်ထည့်၍ ကိုးကွယ်၏ ။

ဤအချက်များနှင့် ပြည့်စုံသူသည် အသုဒ္ဓဗုဒ္ဓဘာသာ (မစင်ကြယ်သည့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာလူညစ်ပတ်၊ ဗုဒ္ဓဘာသာ မစစ်သူ၊ ဗုဒ္ဓဘာသာ အတု၊ အမည်ခံဗုဒ္ဓဘာသာ) ဖြစ်၏ ။ ထိုသူလည်း သံသရာလည်ရဦးမည်သာ ။

ဤဆိုခဲ့ပြီး ဗုဒ္ဓဘာသာလေးမျိုးတို့အနက် တစ်နံပါတ် သုဒ္ဓဗုဒ္ဓဘာသာ ဖြစ်အောင် ကျွန်ုပ်တို့သင်ကြားလေ့လာ ကျင့် သုံးနိုင်ကြပါလျှင် `ဧတံခေါ၊ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ၊ ဧတံ သရဏာမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ´ ဟူသော ဒေသနာတော်နှင့်အညီ ပစ္စုပ္ပန် တမလွန် သံသရာ ဒုက္ခ၊ ခန္ဓဒုက္ခများမှ အပြီးတိုင် လွတ်မြောက်နိုင်ကြမည် ဖြစ်ပေ သည် ။

- ( လေးအိမ်စု အရှင်ဝိစိတ္တသာရ ။)
- ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလထုတ် မြတ်ရတနာစာစောင်မှ ကူးယူဖော်ပြသည် ။

ကဗျာလို.ထင်ရပေမယ့်....... ဗုဒ္ဓ ဂုဏ်တော်တွေကို ချီးမွမ်းရေးသား ထားတာ ဖြစ်လို. ဒီ post ကို တင်လိုက်ရတာပါဗျာ........ကုသိုလ်လဲ ရအောင်လို.ပါ.........
. ဗုဒ္ဓ

ဗုဒ္ဓ ဗုဒ္ဓ မြတ်ဗုဒ္ဓ
ကရုဏာရှင် မြတ်ဗုဒ္ဓ
သတ္တ၀ါများ ကျိုးတွက်တာ
ဆယ်ဖြာပါရမီ ဖြည့်ဆည်းပူး
လမ်းကောင်းညွှန်တဲ့ ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်ထူးမို့ ဦးညွှတ်ကာ
ဘုရားဂုဏ်များ ရည်စူးကာ
လေးမြတ်လှစွာ ရှိခိုး၏

ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။

ဓမ္မ

ဓမ္မ ဓမ္မ မြတ်ဓမ္မ
ဗုဒ္ဓဟောပြ မြတ်ဓမ္မ
ဓမ္မတရား ဆိုသည်မှာ
ဒုက္ခပင်လယ်ကြီးထဲမှာ
နစ်မြုပ်မျောရှာ သတ္တ၀ါများ
ကယ်တယ်တတ်လို့ မြတ်တရား
မြတ်တရားမို့ စိတ်ညွတ်ကာ
တရားဂုဏ်များ ရည်စူးကာ
လေးမြတ်လှစွာ ရှိခိုး၏

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃ

သံဃ သံဃ မြတ်သံဃ
ဗုဒ္ဓသာဝက မြတ်သံဃ
သံဃရဟန်း ဆိုသည်မှာ
ဗုဒ္ဓဓမ္မ အဖြာဖြာ
သင်ယူကျင့်ကာ တာဝန်ထမ်း
သာသနာပြုလို့ မြတ်ရဟန်း
မြတ်ရဟန်းမို့ ဦးညွတ်ကာ
သံဃဂုဏ်များ ရည်စူးကာ
လေးမြတ်လှစွာ ရှိခိုး၏

သံဃံ သရဏံ ဂစ္ဆာမိ။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
တရားဓမ္မများကို ဟောပြော၊ ပို့ချ၊ ရေးသားဖြန့်ချိခြင်းသည် အလှူတကာတို့တွင်
အမြတ်ဆုံး အလှူဖြစ်သည်။

(.....လေးအိမ်စု အရှင်ဝိစိတ္တသာရ .............)
၏ စကားလက်ဆောင် တရားလက်ဆောင် စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။

ကံ-ကံရဲ့အကျိုးကို လူတော်တော်များများ........ခံစားဖူးမှာပါ.......ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်...။ မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရတယ်ဆိုတာ ...ဗုဒ္ဓ ဘာသာတိုင်း သိကြပါတယ်...။ သိပေမဲ့ ထပ်ပြီး သတိရအောင် .....တင်ပြလိုက်ပါတယ်.......ဗျာ...။

ကံ-ကံ၏အကျိုးဆယ့်လေးမျိုး

၁။ သူ့ အသက်ကို သတ်ခြင်းကြောင့် ကိုယ့်အသက်တိုတယ်။
၂။ သူ့ အသက်ကို မသတ်ခြင်းကြောင့် အသက်ရှည်တယ်။
၃။ သူတစ်ပါးကို ညှဉ်းဆဲခြင်းကြောင့် ကိုယ့်မှာ အနာရောဂါများတယ်။
၎။ သူတစ်ပါးကို မညှဉ်းဆဲခြင်း (ဝါ) သနားကြင်နာခြင်းကြောင့် ကိုယ့်မှာ အနာကင်းတယ်။
၅။ ဒေါသကြီးခြင်းကြောင့် အဆင်းမလှ ဖြစ်ရတယ်။
၆။ ဒေါသနည်းခြင်း (ဝါ) မေတ္တာပွားခြင်းကြောင့် ကိုယ့်မှာ မျက်နှာအဆင်းကြည်လင်လှပတယ်။
၇။ သူတစ်ပါးကို မနာလို ငြူစူခြင်းကြောင့် တန်ခိုးသြဇာ အခြွေအရံ မဲ့ရတယ်။
၈။ သူတစ်ပါး ကောင်းစားချမ်းသာတာကို ကြည်ဖြူ ဝမ်းမြောက်ရင် တန်ခိုးသြဇာ အခြွေအရံ များတယ်။
၉။ အလှူဒါန နည်းခြင်းကြောင့် ဆင်းရဲနွမ်းပါးတယ်။
၁၀။ အလှူဒါန များခြင်းကြောင့် ချမ်းသာတယ်။
၁၁။ မာနကြီးသောကြောင့် အမျိုးယုတ်ညံ့တယ်။
၁၂။ မာနကင်းပြီး ရိုသေကိုင်းညွှတ်ခြင်းကြောင့် အမျိုးမြတ်တယ်။
၁၃။ ပညာရှိကို မမှီဝဲသောကြောင့် ပညာဥာဏ်ခေါင်းပါးတယ်။
၁၄။ ပညာရှိကို မှီဝဲသောကြောင့် ပညာဥာဏ်ကြီးမားထက်မြတ်တယ်။

စကားချပ်.................။ မေတ္တာရှင်-ရွှေပြည်သာ ဆရာတော်လဲ.....ဒီလိုမျိုးတွေ....တရား ပွဲ မတိုင်မီမှာ အကျဉ်းချုပ် ဟောကြားလေ့ရှိပါတယ်..............။

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅ မျိုးနဲ့ပြုပြင်ယူမယ်....( or ) ကုသိုလ် ( ၅)မျိုး....

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅ မျိုးနဲ့ပြုပြင်ယူလို့ရပါတယ်။
တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင်ဆိုးနေတဲ့ကံကို
ကုသိုလ်၅မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။ အဲဒီ့ကုသိုလ်၅
မျိုးကတော့…
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဌာန်ပြီး
နေ့စဉ်ပြုလုပ်သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လို့ပြုရမယ်။

၁။ ဒါန
ပထမဆုံး ကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊
ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန လို့မဆိုနိုင်ပါဘူး။
အိမ်မှာရှိတဲ့ ဘုရားကိုနေ့စဉ် ဆွမ်း၊
သောက်တော်ုရေချမ်းကပ်လိုက်မယ်ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နေ့စဉ်
ဆွမ်းခံကြွလာတဲ့ သံဃာကို ဆွမ်း၊ ဘောစဉ်၊ ခဲဘွယ် လှူဒါန်းတာဟာ
နေ့စဉ်ပြုသင့်တဲ့ အာစိန္တံကံ ကုသိုလ်ဖြစ်ပါတယ်။ အာရုံပြုပြီး
သဒ္ဒါတရားထက်သန်စွာနဲ့ စေတနာသန့်သန့်နဲ့ လှူဒါန်းပါ။ ဖြစ်သလို မလှူပါနဲ့။
ဥပမာ - ဘုရားဆွမ်းကပ်တဲ့ကိစ္စမှာ ကိုယ်စားသလို ပြည့်ပြည့်၀၀ (ဆွမ်း၊
ရေချမ်း) ကပ်လှူပါ။ မြတ်စွာဘုရားအား သက်ရှိထင်ရှား
လှူသကဲ့သို့စိတ်ညွှတ်လှူဒါန်းပါ။
ချို့ တဲ့၊ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်နေတဲ့သူတွေကို ပေးဝေလှူဒါန်းပါ။
နည်းနည်း၊များများ ပဓါန မဟုတ်ပါဘူး။ ပေးကမ်းလှူဒါန်းဖို့သာ ပဓါနကြပါတယ်။

၂။ သီလ
ဒုတိယက သီလပါ။ သီလမှာလည်းလောကီထဲမှာနေတဲ့သူတစ်ယောက်အတွက်တော့
ငါးပါးသီလလောက်လုံခြုံအောင်စောင့်ထိန်းလိုက်နိုင်တယ်ဆိုရင်ပဲ
တော်တော်လေးကိုလုံလောက်နေပါပြီ။ တဆင့်တက်ပြီးဥပုသ်နေ့တွေမှာ ၈ပါးသီလ၊
၉ပါးသီလလောက်ကိုစောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။
သီလကိုစောင့်ရှောက်နိုင်တဲ့အတွက် သီလကလည်းသူသတ္တိအားလျော်စွာ
ပြန်စောင့်ရှောက်ပါလိမ့်မယ်။

၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော်ကိုးပါးထဲက ကိုယ်နှစ်သက်ရာတစ်ခုခုကိုပွားလို့ရပါတယ်။
အရဟံ ဂုဏ်တော်ကိုပဲ…
အရဟံ= ပူဇော်အထူးကို ခံယူထိုက်သောမြတ်စွာဘုရား
အရဟံ=ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား
အရဟံ=ဆိတ်ကွယ်ရာအရပ်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား
လို့ပွားများလို့ရပါတယ်။
အရဟံဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့နောက်က အနက်သုံးမျိုးရယ်က
ပွားလို့ဆင်ခြင်လို့သိပ်ကောင်းတဲ့ ပါဠိအနက်တွေပါ။
ဂုဏ်တော်ပွားတဲ့အတွက်ဂုဏ်တော်ကသူသတ္တိအားလျော်စွာ ပြန်လည်စောင့်ရှောက်နေပါလိမ့်မယ်။

၎။မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့အခါမှာပွားနည်းတွေကတော့
သီးသန့်အကျယ်ကိုရှိပါတယ်။မေတ္တာပွားတဲ့အခါမှာ အဓိကအကြံပေးချင်တာကတော့
ပထမကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ပုဂ္ဂိုလ်တွေအားလုံးကို
တစ်ယောက်ချင်းကုန်အောင်ပွားဖို့ပါ။ပြီးရင်နတ်ကောင်းနတ်မြတ်တွေ၊ကိုယ်စောင့်နတ်-အိမ်စောင့်နတ်ကစပြီး၊လမ်း၊မြိ
ု့နယ်၊မြို၊ ခရိုင်၊ပြည်နယ်၊တိုင်း၊နိုင်ငံကို စောင့်ရှောက်ကြကုန်သော
နတ်ကောင်းနတ်မြတ်တွေအားလုံး ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစ အရာရာ
အဆင်ပြေပါစေ… စသည်ဖြင့်ပေါ့လေ။

၅။ ၀ိပဿနာ

နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ- ကိုယ်သန်ရာသန်ရာ
ကိုယ့်အာစရိယ၀ါအတိုင်း မှတ်ယူလို့ရပါတယ်။ ( မည်သည့် တရားစခန်း၊ မည်သည့်
အာစရိယ၀ါဒမျှ သင်ကြားထားခြင်းမရှိသူများအဖို့ အစပိုင်းတွင်တင်ပလ္လင်ခွေ
ထိုင်၊ လက်နှစ်ဘက်လျက်လျှက်၊ ကိုယ်နေ မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျက်
ဝင်လေ၊ထွက်လေ သတိထားရှူလျက်၊ မိမိစိတ်ကို ထိုထိုနှာသီးဝသို့
စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက် ၇ ရက်စခန်း၊ ၁၀
ရက်စခန်းစသည်တို့ကိုဝင်ရောက်နိုင်ရန် တိုး၍ကြိုးစားသင့်ကြပေသည်။

ကုသိုလ်-၅မျိုးတစ်နေ့တာ
ကဲ… စာဖတ်သူ၊စိတ်ကူးနဲ့ပဲ ကုသိုလ်-၅မျိုး စမ်းကြည့်ရအောင်ပါ။
မနက်အိပ်ရာထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို
ဘာမှမလုပ်နဲ့ဦး။ ဘုရားခန်းကိုအရင်ဆုံးသွားပါ။
ဘုရားသောက်တော်ရေကပ်။ (ဒါန)
ကပ်ပြီးရင် ၅-ပါးသီလခံယူ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ်။ (ဂုဏ်တော်)
မေတ္တာကို ၅-မိနစ်ပွားပါ။(မေတ္တာ)
ပြီးရင် ၀ိပဿနာ ၅-မိနစ်ပွားပါ။(၀ိပဿနာ)
အင်မတန် နည်းပါးတဲ့ ၁၅- မိနစ်လောက်တော့
လူတိုင်းလုပ်နိုင်လောက်မယ်ထင်ပါတယ်။ နေ့တစ်နေ့တာအစကို
ကုသိုလ်၅-မျိုးနဲ့စလိုက်တာဟာ ဘယ်လောက်ကျက်သရေရှိသွားလဲ။ အိပ်ရာထပြီး
နာရီဝက်၊ တစ်နာရီအတွင်းမှာပဲ ကုသိုလ်၅-မျိုးရနေပါပြီ။
တက်နိုင်တယ်၊အချိန်ရတယ်၊သဒ္ဒါတရားထက်သန်လာတယ်ဆိုရင် အိပ်ရာမ၀င်ခင်
ကုသိုလ်၅-မျိုးကို မနက်ကအတိုင်း ထပ်လုပ်ပါဦး။

နေ့စဉ်ပြုအပ်သည်။
ဒီအတိုင်းသာ နေ့စဉ်ပြုသွားပါ။ဆိုးနေတဲ့၊ညံ့နေတဲ့ကံတွေ ပျောက်သွားမှာပါ။
အကုသိုလ်အင်အားကကြီးလွန်းနေရင်တော့ ချက်ခြင်ကြီးရနိုင်မှာမဟုတ်ပါဘူး။
ဒါပေမဲ့ ကုသိုလ်အင်အားကောင်းလာတာနှင့်အမျှ ဆိုးနေတဲ့ကံတွေ၊ ညံ့နေတဲ့ကံတွေ
အလိုလိုပျောက်ကွယ်သွားမှာပါ။ ကံကောင်းနေတဲ့သူတွေအတွက်လည်း
အမြဲတမ်းကံကောင်းနေအောင်
ကုသိုလ်၅-မျိုးနဲ့အမြဲပြုစုစောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅-မျိုးနဲ့ကံကောင်းအောင်လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘဝ
စသည်တွေမှာလည်းဆက်ပြီး ကံကောင်းနေဦးမှာပါ။

ဒုက္ခကြုံရင်သစ္စာဆို။
ဒီကုသိုလ်၅-မျိုးကိုကံကောင်းခြင်း၊ကံဆိုးခြင်းကြောင့်မဟုတ်ဘဲ
နေ့စဉ်ကျင့်ဝတ်တစ်ခုအနေနဲ့ပြုရပါမယ်။ အဲဒီလိုပြုနေစဉ်အတွင်းမှာ
ဘ၀အခက်အခဲတစ်ခုကြုံတွေလာမယ်ဆိုရင်၊ု ကိုယ်ပြုတဲ့ကုသိုလ်၅-မျိုးကို
နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး
သစ္စာဆိုလို့လည်းရပါတယ်။

ကျွန်ုပ်သည် ကုသိုလ်၅-မျိုးကို
နေ့စဉ်ပြုပြီး၊နတ်ကောင်းနတ်မြတ်များကိုလည်း နေ့စဉ်အမျှပေးဝေခဲ့ပါတယ်။
ဤသစ္စာစကားမှန်ကန်ပါက ယခုကြုံတွေနေရသော အခက်အခဲများ
ပြေပျောက်ပါစေသတည်း။နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ။
စသည်ဖြင့်ပေါ့လေ….

ကျမ်းကိုး..
မဟာဝင်ဝတ္ထု- ကျီးသဲလေးထပ်ဆရာတော်

mintunkyaw09
02-12-2011, 09:18 PM
:peace: ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

ပစ္ပုပ္ပန်ကို အသုံးချတတ်စေ
“ယနေ့ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ”

အလွယ်ကြိုက်သူများသတိထား
“လောက၌ သတ္တ၀ါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဥ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်းမရနိုင်။ ရရှိဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတစ်ကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သား ဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ၀ါကြွားလှည့်ဖြားပြောဆိုလိုက်လျှင် အလွန်တရာအားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို လှည့်ဖြားယူဆောင်သွားသောအခါ ရွှေလိမ်ငွေလိမ် မိသည့်အတွက် များစွာ သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကြိုက်မိသောကြောင့် ဖြစ်သည်။ အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားနှင့်စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ်လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်”

မိမိကိုယ်ကို အားကိုးသူဟူသည်
“မိမိကိုယ်ကို အားကိုးပြုနေတတ်သူသည် အရာရာ၌ လွတ်လပ်သည်။ စိတ်ဓာတ်အားခိုင်၍ လောကဓံကို ခံနိုင်စွမ်းရည် ရှိသည်”

မိမိ သူတစ်ပါး နှစ်ဦးသားအတွက်
“ကလျာဏနွယ်ဝင် သူတောင်စင်အပေါင်းတို့-
မိမိတို့မှာ ရှေးကုသိုလ်တောက်ပ၍ လူအဖြစ်ကို ရရှိကြပြီးလျှင် ဘုရားသာသနာ ပွင့်လင်းရာအခါဖြစ်သည့် ဗုဒ္ဓပ္ပါဒန၀မ အခွင့်ကောင်းနှင့်လည်း ကြုံတောင့်ကြုံခဲ ကြုံတွေ့ကြရလေပြီ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို ဆိုသကဲ့သို့ သာသနာတော်၏ အရိပ်ကြီးက သစ်ရိပ်ဝါးရိပ်တို့ထက် အဆများစွာ မနှိုင်းသာအောင် သာယာအေးမြလှပါသည်။
ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ၏ ခိုကိုးရာ အေးရိပ်သာကြီးဖြစ်သည့်အတိုင်း ထိုသာသနာအရိပ်ကြီး ပွားစီးအောင် ကိုယ်အားဉာဏ်အား အကြံဉာဏ်အားတို့ဖြင့် အားပေးဆောင်ရွက်ကြ၍ မိမိ သူတစ်ပါး နှစ်ဦးသား၏ အစီးအပွားကိုကျင့်သည့် ဥဘယပဋိပန္နပုဂ္ဂိုလ်များ ဖြစ်ကြပါကုန်လော့ဟူ၍ တိုက်တွန်း နှိုးဆော် ဥယျောဇဉ်စကား ပြောကြားအပ်ပါသည်။ ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့”

( မင်းနန် [မော်ကျွန်း] ရေးသားသည့် “ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြ၍ ဓမ္မဒါနပြုပါသည် )
mintunkyaw09
02-12-2011, 09:21 PM
:peace: မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များမှာ...........ဒီလိုမျိုး တရား သံဝေဂတွေ ပွားရပါတယ်........
မိုးကုတ်ဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒများ

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။
၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။
၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။
၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။
၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။
၁၇။ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၁၈။ သစ္စာတရားကို နာမှ သိမယ်၊ သိမှ ကျင့်မယ်။
၁၉။ နားက တရားကိုနာပါ၊ ဉာဏ်က ခန္ဓာကို လှည့်ပါ။
၂၀။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးသာ ဖြစ်တယ်။
၂၁။ တရားနာနေသည့် အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၂၂။ မိမိခန္ဓာရဲ. အရှိဖြစ်ပျက်ကို အသိမဂ်နဲ. တကယ်သိအောင်လုပ်ပါ။
၂၃။ ရှေ.စိတ်ကို နောက်စိတ်က ကြည့်တာ ဝိပဿနာ။
၂၄။ တစ်(၁) စိတ်ကို နှစ်(၂) စိတ်နဲ.ကြည့်တာ ဝိပဿနာ။
၂၅။ ရှေ.အသေကို နောက်အသေနဲ.ကြည့်တာ ဝိပဿနာ။
၂၆။ အရှိကို အသိလိုက်တာ ဝိပဿနာ။
၂၇။ ရှေ.က ဖြစ်ပျက်ပြီးတာ အနိစ္စ၊ နောက်က ပျက်မှန်းသိတာ မဂ္ဂ။
၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။
၂၉။ ခန္ဓာက လောင်စာ၊ ဇရာ မရဏက မီး။
၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ.မီး တွဲလျက်ကြီး။
၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။
၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။
၃၃။ ကိလေသာ အပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။
၃၄။ ခန္ဓာက အနိစ္စ၊ တွေ.တာက မဂ္ဂ၊ သေတာက သမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။
၃၅။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ သင်္ခါရကို ငါကောင်ထင် ခင်မင် သမုဒယ၊ ရုပ်နာမ် အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။

သာဓု.. သာဓု .. သာဓု