วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ဓမ္မအဆုံးမများ

:tea: စိတ်ကောင်းနှင့်ယှဉ်
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။

(ရွှေဟသာင်္ ဆရာတော် ဘုရားကြီး)
:tea: အလှပြင်နည်း

ရတနာသုံးပါး ခေါင်းမှာတင်
ငါးပါးသီလ ခါးဝတ်ဆင်
လက်ကောင်တန်ဆာပွား မေတ္တာ
သစ္စာကတော့ လက်စွပ်ပါ
ခန္တီဆိုတာ မြတ်ကြယ်သီး
အလှပြင်တဲ့နည်း
(ရွှေဥမင် ဆရာတော်ဘုရားကြီး)
:tea:ရုပ်ကိုသာပြင် နာမ်မပြင်
ရုပ်သွင်မလှ နာမ်မလှ
နာမ်ကိုသာပြင် ရုပ်မပြင်
နာမ်စဉ်လည်းလှ ရုပ်လည်းလှ
နာမ်ဓါတ်ပေါ်တွင် ဥာဏ်ဓါတ်ယှဉ်
လိုလျှင် ခဏနိဗ္ဖာန်ရ

ရုပ်လှ စိတ်လှ
အလှ နှစ်သွယ်
ဘယ်အလှကို ပြင်ကြမယ်
စိတ်အလှပြင်က နိဗ္ဖာန်ရ
မမှားရအောင် သတိဆောင်
ယောကီမောင်မယ် ပြင်ကြစိတ်ကိုကွယ်။ ။
(တော်ကူးဆရာတော်)
:tea:နှစ်သက်ဖွယ်ရာ ရတနာ ဥပါသကာ
ဥပသကာ ရတနာ ဖြစ်ဖို့
မှန်စွာ စစ်လို့ပြပါ့မယ်
ရတနာ သုံးပုံယုံကြည်တတ်လို့
ကံ-့ကံအကျိုး အားကိုးကွယ်
ရတနာ သုံးအင်အပြင်ဘက်လည်း
ပူဇော်ရှင်အတွက် မရည်ရွယ်
အင်္ဂါငါးဝ စုံပြည့်မှ
ဒါမှ စင်ကြယ်မယ်
အဲ့ဒါက ပဉ္စဂုင်္တ္တရ ဗုဒ္ဓအမိန့်တော်။ ။

(ရွှေဥမင်ဆရာတော်)
:tea:မှားယွင်းမှုဟူသည်
မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောင်အောင် ငါပြင်မည်
ငါမှားလျှင်
သူတစ်ပါးအပြင်ကို ငါခံမည်
ငါ့ကို ပြုပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်
သူတစ်ပါးအကျိုးကို လိုလားမှ
ငါ့အကျိုးကိုသူတစ်ပါးလိုလားမည်
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
ဆောင်ရွက်မည်
ငါ့အလိုသို့သာ တစ်ဖတ်သတ်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်
သုခ ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်
ဒုက္ခ ၏ မျိုးစေ့ဖြစ်သော သုခကို
ရဲ့ဝံ့စွာ ငါရှောင်ရှားမည်
ငါ့အလုပ် နှင့် တူသော အကျိုးကို
မချွတ်ငါရမည်။ ။
(ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်ဘုရားကြီး)
:tea:ကုသိုလ်မယူ၊ အသက်ရှူ၊ ထိုသူသေ၍ နေတော့သည်။

အကုသိုလ်ယူ၊ အသက်ရှူ၊ သူလည်းသေ၍၊ နေတော့သည်။

ုကုသိုလ်ပဲယူ၊ အသက်ရှူ၊ ထိုသူမသေရှင်တော့သည်။

(ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ)
:tea:၁။ အကြင်သူသည် အိပ်ပျော်နေ၏ ။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့ သည်လည်း အိပ်ပျော်နေကြကုန်၏ ။

၂။ အကြင်သူသည် အိပ်ရာမှနိုးလာ၏ ။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့ သည်လည်း လူးလွန့် လာကြကုန်၏ ။

၃။ အကြင်သူသည် အလုပ်လုပ်ရန်ထ၍ထိုင်၏ ။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့ သည်လည်း ခေါင်းထောင်လာကြကုန်၏ ။

၎။ အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ဝင်၏ ။ ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့ သည်လည်း အကျိုးပေးဖို့ ရန် အသင့်အနေအထား စောင့်စား၍ နေကြကုန်၏ ။

၅။ အကြင်သူသည် လုပ်ငန်းကို ဆုံးခန်းတိုင်ရောက်မြောက်အောင် ဇွဲသန်သန်ဖြင့် ပြုလုပ်၏ ။ (ထိုအခါတွင်) ထိုသူ၏ ဘုန်းကံပါရမီ အရှိန်အဝါတို့ သည်လည်းလန်းလန်းဆန်းဆန်းဖြင့် ပြုံးပန်းပွင့်ကာ အပြည့်အဝ အကျိုးပေးကုန်ကြတော့၏ ။
(အရှင် ဇနကာဘိဝံသ)
အာလုံးအား ဓမ္မဒါန ပြုအပ်ပါတယ်......ခင်ဗျာ....

ไม่มีความคิดเห็น:

แสดงความคิดเห็น